ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (၁၃ /၂၀၂၃)ကို ၁၈ - ၁၂ -၂၀၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေး အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်မှ အမှာစကားပြောကြားပြီး မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးမှုများအပေါ် ဥက္ကဋ္ဌ  ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်မှ ဖြည့်စွက်ရှင်းလင်းခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။