မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ အလှူငွေကျပ်(၁,၄၀၀,၀၀၀) သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) မှ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့်  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမြင့်မြင့်ခိုင် နှင့် ဒေါက်တာစန်းမြင့် တို့သည် ( ၂-၉-၂၀၂၅)ရက်နေ့ တွင်  ရန်ကုန်ကလေးဆေးရုံကြီး၊ မွေးကင်းစကလေးဆောင် သို့ သွားရောက်ကာ ရင်ချင်းဆက်လေးငယ်များအတွက် အလှူငွေကျပ် (၁,၄၀၀,၀၀၀/-) တစ်ဆယ့်လေးသိန်းကျပ်တိတိ ကို ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ လှမြတ်နွယ်ထံ သို့ လှူဒါန်းပေးအပ် ခဲ့ကြပါသည်။
လာရောက်လှူဒါန်းပေးသည့်အတွက် ကလေးဆရာဝန်ကြီး ပါမောက္ခဒေါက်တာ လှမြတ်နွယ်ထံ  မှ ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။
(၂၇-၈-၂၀၂၅)ရက်နေ့ နံနက် (၈:၃၀) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၊ တူးမြောင်းတိုက်နယ်ဆေးရုံတွင် အရေးပေါ် ခွဲစိတ်မွေးဖွားခဲ့ရာ Conjoint twin ယောကျာ်လေး မွေးဖွားခဲ့ပါသဖြင့် တူးမြောင်းတိုက်နယ်ဆေးရုံမှ ရန်ကုန်ကလေးဆေးရုံကြီးသို့ ချိတ်ဆက်လွှဲပြောင်းပေးပို့ခဲ့ခြင်းဖြစ်ပါသည်။