MISP TOT Refresher Training

          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် IPPF – SPRINT Project နှင့် ပူးပေါင်းဆောင်ရွက်သည့် အရေးပေါ်အခြေအနေတွင် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက် MISP TOT Refresher Training သင်တန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ အသင်း(ဗဟို)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက်  မြန်မာ နိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် သင်တန်းသူများ မိတ်ဆက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် စီမံချက်တာဝန်ခံများမှ သင်တန်းကို ဆက်လက်ပို့ချခဲ့ပါသည်။
          အဆိုပါသင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်များမှ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အလုပ်အမှု‌ဆောင်အဖွဲ့ဝင်များနှင့် သားဖွားခန်းကြီးကြပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ပါသည်။