
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HIMNCH Project မှ MNCH and Data Training for Volunteers သင်တန်းကို ဒီဇင်ဘာလ (၁၂)ရက် နှင့် (၁၃)ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ နဂါးဓမ္မာရုံခန်းမတွင် ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူး နှင့် အဖွဲ့က သင်တန်းပို့ချပေးခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို မိတ္ထီလာမြို့နယ်အတွင်း မှ အသင်းဝင်စေတနာ့ဝန်ထမ်း (၃၁)ဦးတို့က သင်တန်းတက်ရောက်ခဲ့ကြပါသည်။
