ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ မှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့၊ နံနက် (၉:၀၀)နာရီ အချိန်တွင် မြန်မာကွန်ဗန်းရှင်းစင်တာ MICC-I ၊နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီး၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယ ဒေါ်ကြူကြူလှ တက်ရောက် ချီးမြှင့်ခဲ့ပါသည်။
          အဆိုပါအခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မှ နာယကများ၊ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများ နှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန် အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တို့မှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
          ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မှ အဖွင့်မိန်းခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကို ပြသခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းကြီး ၏ ကဏ္ဍကြီး(၄)ရပ် ဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နှင့် စီးပွားရေး လုပ်ငန်းလှုပ်ရှားမှုများတွင် ၂၀၂၄ခုနှစ် အတွင်း ကဏ္ဍအလိုက် ထူးချွန်ဆုများရရှိခဲ့သည့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များအား ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပါသည်။ ပထမဦးစွာ ကျန်းမာရေးကဏ္ဍလှုပ်ရှားမှုများ အတွက် ဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ ကို   ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှ မှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ် မှ ပညာရေးကဏ္ဍလှုပ်ရှားမှု အတွက် ဆုရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် မွန်ပြည်နယ် တို့မှ မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့များသို့ ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မှ လူမှုရေးကဏ္ဍလှုပ်ရှားမှုအတွက် ဆုရရှိခဲ့သည့် မကွေးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များသို့ ဆုများချီးမြှင့်ပေးခြင်း နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် မှ စီးပွားရေးကဏ္ဍလှုပ်ရှားမှုအတွက် ဆုရရှိခဲ့ကြသည့် ဧရာဝတီတိုင်း ဒေသကြီး၊ နေပြည်တော် နှင့် တနင်္သာရီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ များသို့ ဆုများကို ပေးအပ်ချီးမြှင့်ပေးခဲ့ကြပါသည်။
          ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ မှ အခမ်းအနားသို့တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၏ တစ်နှစ်တာအတွင်း လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
          ဆက်လက်၍ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြစ်စေမည့် အစားအစာများ ထောက်ပံ့ပေးအပ်ခြင်း နှင့် ငါးနှစ်အောက် ကလေးငယ်များအား အမီလိုက်ကာကွယ်ဆေးများ တိုက်ကျွေးပေးခဲ့ပါသည်။ ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက ဒေသထွက်ကုန်ပစ္စည်းများ၊ ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုများအား လှည့်ကြည့်ရှုအားပေးခဲ့ပါသည်။
          ဒုတိယပိုင်းအစီအစဉ်များအနေဖြင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၏ (၃၄)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။ ယင်းနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း မှ ၂၀၂၄ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း နှင့် ဘဏ္ဍာရေးမှူး ဒေါက်တာဝင်းပုလဲ မှ ၂၀၂၃-၂၀၂၄ခုနှစ်၏ ငွေစာရင်းရှင်းတမ်း နှင့် ၂၀၂၄-၂၀၂၅ခုနှစ် ၏ ရသုံးမှန်းခြေငွေစာရင်းကို ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။
          ဆက်လက်၍ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့များက ၂၀၂၄ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာများကို ဖတ်ကြားတင်သွင်းခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။
(၁၀-၁၀-၂၀၂၅)ရက်နေ့ တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၏  (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ ဒုတိယနေ့အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ရာ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။ ထို့နောက် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆုရရှိခဲ့သည့် သုတေသနစာတမ်းရှင်များအား မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။